Local News

အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅) ၏ တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍ ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

Last Updated:

၁။ အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅)တီထွင်ဆန်းသစ်မှုနှင့်စွန့်ဦးတီထွင် ဆောင်ရွက်ခြင်းကဏ္ဍ၏ ပို့ကုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို၂၀၂၂ ခုနှစ်၊ မတ်လ (၂၄) နေ့တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ် ခဲ့ပါသည်။

၂။      အဆိုပါ အစည်းအဝေးတွင် အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ရှိ ကဏ္ဍများ အလိုက် လုပ်ငန်းစီမံချက် (Plan of Actions - PoAs) ပါ လုပ်ငန်းစဉ် (Activities) များမှ တီထွင် ဆန်းသစ်မှုနှင့်စွန့်ဦး တီထွင်ဆောင်ရွက်ခြင်း ကဏ္ဍ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရေး လုပ်ငန်းစဉ်များဆွေးနွေးခဲ့ပါသည်။

၃။ အစည်းအဝေးကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာထိန်လင်း ဦးဆောင် ၍ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှ ကဏ္ဍအလိုက်ကော်မတီ အဖွဲ့ဝင်များမှ Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များကို NES Unit မှ ဖြန့်ဝေသွားမှာဖြစ်ပြီး အကောင်အထည် ဖော်ခြင်းလုပ်ငန်းစဉ်များတွင် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ လိုအပ်သော ညှိနှိုင်းဆောင်ရွက်မှု၊ ပူးပေါင်းဆောင်ရွက်မှုများကိုဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

 

 

Category: Local News